Thursday, October 11, 2012

အိပ်တန်းပြန်ချိန်


ကံကြမ္မာအလိုကိုလိုက်ရတဲ့
အခိုက်အတန့်ရယ်လို့
နားလည်ပါကွယ် .....။

ဒါဟာ -----
ပင်လယ်တွင်းကို
အပြီးအပိုင်စီးသွားမယ့်မြစ်တစ်စင်းမဟုတ်
အကြင်နာမိုးတွေအဖြစ်ရွာကျလာဖို့
အားယူပျံတက်သွားကြတဲ့
ရေငွေ့နွေးနွေးတွေဖြစ်ရဲ့......။

သတိရမှုတွေ ---
လွမ်းတမှုတွေ ---
အထီးကျန်ကြေကွဲမှုတွေ ---
အကြင်နာငတ်မွတ်မှုတွေ ---
ငွေ့ရည်ဖွဲ့ပြီးတဲ့အခါ
သဲသဲမဲမဲရွာသွန်းချလိုက်မှာ
အဲဒီတော့မှသာ
ရင်ဘတ်ကြီးနဲ့ခံယူလိုက်စမ်းပါ......။      ။

                   အောင်ကောက်

ကံကြမ္မာအလိုကိုလိုက်ရတဲ့
အခိုက်အတန့်ရယ်လို့
နားလည်ပါကွယ် .....။

ဒါဟာ -----
ပင်လယ်တွင်းကို
အပြီးအပိုင်စီးသွားမယ့်မြစ်တစ်စင်းမဟုတ်
အကြင်နာမိုးတွေအဖြစ်ရွာကျလာဖို့
အားယူပျံတက်သွားကြတဲ့
ရေငွေ့နွေးနွေးတွေဖြစ်ရဲ့......။

သတိရမှုတွေ ---
လွမ်းတမှုတွေ ---
အထီးကျန်ကြေကွဲမှုတွေ ---
အကြင်နာငတ်မွတ်မှုတွေ ---
ငွေ့ရည်ဖွဲ့ပြီးတဲ့အခါ
သဲသဲမဲမဲရွာသွန်းချလိုက်မှာ
အဲဒီတော့မှသာ
ရင်ဘတ်ကြီးနဲ့ခံယူလိုက်စမ်းပါ......။      ။

                   အောင်ကောက်

No comments:

Post a Comment