Thursday, October 11, 2012
သံဝေဂ
လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌ မျိုးစုံကကြ ၊
မာန်မာနနှင့် ငါကရာဇာ ၊ ငါဟာသူဌေး ၊
ငါပဂေးဟု ငါသွေးတက်ကြွ ၊ လူ့ဗာလတို့ များလှဖြာဖြာ ၊
အဝိဇ္ဇာနှင့် တဏှာဘီလူး ၊ အမှောင့်ပူး၍ ကျူးကျူးကျော်ကျော် ၊
ဂုဏ်ကိုဖေါ်လျက် မော်မော် မောက်မောက် ၊
ငါတစ်ယောက်သာ မိုးအောက်တလွှား ၊
ရွှေကိုယ်လားဟု ထင်မှားမလွဲ ၊
သို့စဉ်စွဲလည်း ဇာတ်ပွဲပြီးက ၊
ပြည်ဖုံးချသော် သုဘရာဇာ ၊
မြေအောက်မှာပင် ဘာသာလူမျိုး ၊
ချိန်မထိုးပဲ ပုတ်သိုးခန္ဓာ ၊
မြုပ်ရရှာသည် ဘယ်မှာ ငါဟု ရှိအံ့နည်း။
(လယ်တီဆရာတော်ကြီး)
လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌ မျိုးစုံကကြ ၊
မာန်မာနနှင့် ငါကရာဇာ ၊ ငါဟာသူဌေး ၊
ငါပဂေးဟု ငါသွေးတက်ကြွ ၊ လူ့ဗာလတို့ များလှဖြာဖြာ ၊
အဝိဇ္ဇာနှင့် တဏှာဘီလူး ၊ အမှောင့်ပူး၍ ကျူးကျူးကျော်ကျော် ၊
ဂုဏ်ကိုဖေါ်လျက် မော်မော် မောက်မောက် ၊
ငါတစ်ယောက်သာ မိုးအောက်တလွှား ၊
ရွှေကိုယ်လားဟု ထင်မှားမလွဲ ၊
သို့စဉ်စွဲလည်း ဇာတ်ပွဲပြီးက ၊
ပြည်ဖုံးချသော် သုဘရာဇာ ၊
မြေအောက်မှာပင် ဘာသာလူမျိုး ၊
ချိန်မထိုးပဲ ပုတ်သိုးခန္ဓာ ၊
မြုပ်ရရှာသည် ဘယ်မှာ ငါဟု ရှိအံ့နည်း။
(လယ်တီဆရာတော်ကြီး)
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment