Labels

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, October 11, 2012

လွမ်း

ဝေးကွာခြင်းက ရင်ဘတ်နှစ်ခုအပေါ်
ခြေသံလုံလုံနဲ့ ဖြတ်လျှောက်သွားတယ်....
ငါမသိလိုက်တဲ့အရိပ်တစ်ခု
သစ်ရွက်မကြွေ နှင်းမနေတဲ့
မိုးစက်တွေများစွာ.........
ငါ့အလွမ်းကိုဖော်ကြူး
ပျော်မြူးခဲ့တဲ့ အချိန်
စာရွက်ဟောင်းလေးတစ်ရွက်
သို့ပေမယ့် မဟောင်းနွမ်းဘူးလေ
နွေးထွေးမှုဆိုတဲ့မင်း..
နှလုံးသားထဲကမျက်ရည်
အလွမ်းမြစ်ထဲမှာ
တမ်းတခြင်း ရွက်လှေ
တစ်နေ့ ..........
မင်းဆီရောက်လိမ့်မယ်
အလွမ်းများစွာနဲ့ အနမ်းတစ်ပွင့်
လက်ဆောင်ဖြစ်စေမယ်
ကမ်းလင့်နေပါ..
လွမ်းဆွတ်ခြင်း ရင်ခွင်ငယ်
ငါရောက်လာခဲ့မယ်

                                    နွေဦးမောင်
ဝေးကွာခြင်းက ရင်ဘတ်နှစ်ခုအပေါ်
ခြေသံလုံလုံနဲ့ ဖြတ်လျှောက်သွားတယ်....
ငါမသိလိုက်တဲ့အရိပ်တစ်ခု
သစ်ရွက်မကြွေ နှင်းမနေတဲ့
မိုးစက်တွေများစွာ.........
ငါ့အလွမ်းကိုဖော်ကြူး
ပျော်မြူးခဲ့တဲ့ အချိန်
စာရွက်ဟောင်းလေးတစ်ရွက်
သို့ပေမယ့် မဟောင်းနွမ်းဘူးလေ
နွေးထွေးမှုဆိုတဲ့မင်း..
နှလုံးသားထဲကမျက်ရည်
အလွမ်းမြစ်ထဲမှာ
တမ်းတခြင်း ရွက်လှေ
တစ်နေ့ ..........
မင်းဆီရောက်လိမ့်မယ်
အလွမ်းများစွာနဲ့ အနမ်းတစ်ပွင့်
လက်ဆောင်ဖြစ်စေမယ်
ကမ်းလင့်နေပါ..
လွမ်းဆွတ်ခြင်း ရင်ခွင်ငယ်
ငါရောက်လာခဲ့မယ်

                                    နွေဦးမောင်
>>>ဆက်ဖတ်ရန်>>> >>

ဆိတ်ငြိမ်


လရောင်နုနုပေါ်
ရီဝေဝေအတွေးတွေအပြည့်တင်
ဟို.....ဝေး  ဝေး ..
ခွေးအူသံသဲ့သဲ့ဆီခရီးနှင်
စိတ်ကူးတွေကလည်း
ဆိုညီးလက် စ စည်းချက်လေးပေါ်က
အခါခါခုန်ချ
သိစိတ်ကိုပြန်ပြန်ပြီးလမ်းမေးနေခဲ့ရ ...။

တခါတလေ ---
လေပြေထဲကရနံ့
မျက်ကန်းတစ်ယောက်လိုလိုက်စမ်းနေမိ
သူသိပါ့မလား
ကောင်းကင်မှာစပါယ်တွေအပြည့်
အလှတရားကိုမျှချင်လို့
လက်တကမ်းကမြေကိုလှုပ်နှိုးတော့
အုတ်တိုင်တွေရပ်ကြည့်နေကြ
တိုး တိုး ဖော်လေးမှမရှိ .....။

ခပ်လှမ်းလှမ်းနေရာအစုံလှုပ်လှုပ်ရွရွ
လေတိုးသံ လိုလို
သစ်ရွက်ခတ်သံ လိုလို
ငိုသံတွေ လိုလို
ကဲ ..........
သူတို့စည်းချက်အတိုင်း က ကြပါစေ
ငါ့အတွက်တော့
တယောတစ်လက်ဆို လုံလောက်ပါပြီ.......။        ။

                            အောင်ကောက်

လရောင်နုနုပေါ်
ရီဝေဝေအတွေးတွေအပြည့်တင်
ဟို.....ဝေး  ဝေး ..
ခွေးအူသံသဲ့သဲ့ဆီခရီးနှင်
စိတ်ကူးတွေကလည်း
ဆိုညီးလက် စ စည်းချက်လေးပေါ်က
အခါခါခုန်ချ
သိစိတ်ကိုပြန်ပြန်ပြီးလမ်းမေးနေခဲ့ရ ...။

တခါတလေ ---
လေပြေထဲကရနံ့
မျက်ကန်းတစ်ယောက်လိုလိုက်စမ်းနေမိ
သူသိပါ့မလား
ကောင်းကင်မှာစပါယ်တွေအပြည့်
အလှတရားကိုမျှချင်လို့
လက်တကမ်းကမြေကိုလှုပ်နှိုးတော့
အုတ်တိုင်တွေရပ်ကြည့်နေကြ
တိုး တိုး ဖော်လေးမှမရှိ .....။

ခပ်လှမ်းလှမ်းနေရာအစုံလှုပ်လှုပ်ရွရွ
လေတိုးသံ လိုလို
သစ်ရွက်ခတ်သံ လိုလို
ငိုသံတွေ လိုလို
ကဲ ..........
သူတို့စည်းချက်အတိုင်း က ကြပါစေ
ငါ့အတွက်တော့
တယောတစ်လက်ဆို လုံလောက်ပါပြီ.......။        ။

                            အောင်ကောက်
>>>ဆက်ဖတ်ရန်>>> >>

ရှင်ကွဲ


ငှက်ကလေးအဖော်တွေ့လို့
ကိုယ်ပိုင်လွတ်လပ်ခွင့်မှာ
ပျားရည်ဆမ်းနေပေါ့...
မသိချင်လည်းသိနေရ
မကြားချင်လည်းကြားနေရ
ငှက်ကလေးအတောင်စုံပြီ.......။

ဒါပါပဲ
ဒီလောက်ပါပဲ ...
ရှင်ကွဲခွဲကြရုံပေါ့
ဒီတစ်ဘဝစာအတွက်
မျက်ရည်ခံထိုးခွင့်မရှိဘဲကွဲရှနေရ
နုံချာလိုက်ပုံများ
လေပြေတွေးမွှေးနေတာတောင်မှ
သိက္ခာတွေလုံလုံခြုံခြုံသိမ်းထုပ်လို့
နားဖူးတဲ့ကိုင်းအိုမလုပ်ခဲ့......။

ဆံနွယ် စ လေးကိုသပ်တင်ပေးလိုက်တယ်
လက်ကလေးကိုဖွဖွဆုတ်လို့
မျက်လုံးဝိုင်းလေးကိုတွေတွေလေးစိုက်ကြည့်
ဖြောင့်တန်းပါစေ ---
သာယာပါစေ ----
ပန်းအိပ်မက်ဖြစ်ပါစေ ----
တို့  တစ်ဘဝစာခွဲကြဦးစို့ရဲ့ .......။       ။

                     အောင်ကောက်

ငှက်ကလေးအဖော်တွေ့လို့
ကိုယ်ပိုင်လွတ်လပ်ခွင့်မှာ
ပျားရည်ဆမ်းနေပေါ့...
မသိချင်လည်းသိနေရ
မကြားချင်လည်းကြားနေရ
ငှက်ကလေးအတောင်စုံပြီ.......။

ဒါပါပဲ
ဒီလောက်ပါပဲ ...
ရှင်ကွဲခွဲကြရုံပေါ့
ဒီတစ်ဘဝစာအတွက်
မျက်ရည်ခံထိုးခွင့်မရှိဘဲကွဲရှနေရ
နုံချာလိုက်ပုံများ
လေပြေတွေးမွှေးနေတာတောင်မှ
သိက္ခာတွေလုံလုံခြုံခြုံသိမ်းထုပ်လို့
နားဖူးတဲ့ကိုင်းအိုမလုပ်ခဲ့......။

ဆံနွယ် စ လေးကိုသပ်တင်ပေးလိုက်တယ်
လက်ကလေးကိုဖွဖွဆုတ်လို့
မျက်လုံးဝိုင်းလေးကိုတွေတွေလေးစိုက်ကြည့်
ဖြောင့်တန်းပါစေ ---
သာယာပါစေ ----
ပန်းအိပ်မက်ဖြစ်ပါစေ ----
တို့  တစ်ဘဝစာခွဲကြဦးစို့ရဲ့ .......။       ။

                     အောင်ကောက်
>>>ဆက်ဖတ်ရန်>>> >>

အိပ်တန်းပြန်ချိန်


ကံကြမ္မာအလိုကိုလိုက်ရတဲ့
အခိုက်အတန့်ရယ်လို့
နားလည်ပါကွယ် .....။

ဒါဟာ -----
ပင်လယ်တွင်းကို
အပြီးအပိုင်စီးသွားမယ့်မြစ်တစ်စင်းမဟုတ်
အကြင်နာမိုးတွေအဖြစ်ရွာကျလာဖို့
အားယူပျံတက်သွားကြတဲ့
ရေငွေ့နွေးနွေးတွေဖြစ်ရဲ့......။

သတိရမှုတွေ ---
လွမ်းတမှုတွေ ---
အထီးကျန်ကြေကွဲမှုတွေ ---
အကြင်နာငတ်မွတ်မှုတွေ ---
ငွေ့ရည်ဖွဲ့ပြီးတဲ့အခါ
သဲသဲမဲမဲရွာသွန်းချလိုက်မှာ
အဲဒီတော့မှသာ
ရင်ဘတ်ကြီးနဲ့ခံယူလိုက်စမ်းပါ......။      ။

                   အောင်ကောက်

ကံကြမ္မာအလိုကိုလိုက်ရတဲ့
အခိုက်အတန့်ရယ်လို့
နားလည်ပါကွယ် .....။

ဒါဟာ -----
ပင်လယ်တွင်းကို
အပြီးအပိုင်စီးသွားမယ့်မြစ်တစ်စင်းမဟုတ်
အကြင်နာမိုးတွေအဖြစ်ရွာကျလာဖို့
အားယူပျံတက်သွားကြတဲ့
ရေငွေ့နွေးနွေးတွေဖြစ်ရဲ့......။

သတိရမှုတွေ ---
လွမ်းတမှုတွေ ---
အထီးကျန်ကြေကွဲမှုတွေ ---
အကြင်နာငတ်မွတ်မှုတွေ ---
ငွေ့ရည်ဖွဲ့ပြီးတဲ့အခါ
သဲသဲမဲမဲရွာသွန်းချလိုက်မှာ
အဲဒီတော့မှသာ
ရင်ဘတ်ကြီးနဲ့ခံယူလိုက်စမ်းပါ......။      ။

                   အောင်ကောက်
>>>ဆက်ဖတ်ရန်>>> >>

ငြိမ်သက်လဲလျှောင်းရာ


ဘာမဆိုတူးလို့ရတဲ့ပေါက်တူးတစ်လက်ရှိတယ်။

စ တူးတော့ ---
အနာပရပွဘိနပ်စုတ်တစ်ရံဝတ် ငါ့အတ္တကိုတွေ့တယ် -
ဆက်တူးတယ် .....
သံမဏိကိုယ်ကြပ်ဝတ်အတ္တတွေတွေ့တယ်-
သက်တံ့တွေထိုးထိုးထောင်ထောင်နဲ့ဒြပ်မဲ့မြို့ပြတွေတွေ့တယ်-
ချည်တိုင်အမျိုးမျိုးမှာ ရာဘာဒဿနတွေတွေ့တယ်-
ရေခဲရိုက်ထားတဲ့ပုံပြင်တွေတွေ့တယ်-
တစ်ခြမ်းပုပ်နေတဲ့စကားလုံးတွေတွေ့တယ်-
မီးခိုးငွေ့အဆာသွတ်ဆပ်ပြာပူပေါင်းကတိတွေတွေ့တယ်-
ဇာတ်တူသားစားရင်းကိုယ်ချင်းစာတရားအကြောင်းပို့ချသူတွေတွေ့တယ်-
ကျက်တဲ့အပိုင်းကမြိန်ရေရှက်ရေဖဲ့စားကြသူတွေတွေ့တယ်-
သပျစ်သီးချဉ်တယ်လို့ပြောတဲ့မြေခွေးတွေတွေ့တယ်-ံ
ဥပုသ်စောင့်နေတဲ့ကျားတွေတွေ့တယ်-
အမှိုက်နဲ့လုပ်ထားတဲ့စိန်တွေတွေ့တယ်-
ရွှေနဲ့လုပ်ထားတဲ့ကစားစရာတွေတွေ့တယ်-
အဆိပ်နဲ့လုပ်ထားတဲ့ပျားရည်တွေတွေ့တယ်-
ပုံတူပွားထားတဲ့အခွံတွေတွေ့တယ်-
တည်းဖြတ်ခံနှစ်ပရိစ္ဆေဒတွေတွေ့တယ်-
လိုလိုလားလားအနင်းခံတံတားတွေတွေ့တယ်-
သိက္ခာကိုရိက္ခာနဲ့လဲသူတွေတွေ့တယ်-
လူဟစ်နေတဲ့သူခိုးကြီးတွေတွေ့တယ်-
ဘာရယ်လို့အမည်တပ်မရတဲ့မသိမှုတွေတွေ့တယ်-
..................တွေ့တယ်-
.........................တွေ့တယ်-
.......     ..............    ..........။

နောက်ဆုံးမှာတော့....
ကြည်အေးနုညံ့တဲ့အလင်းနံရံကြီးကိုတွေ့တယ်-

ထိုးခုတ်ထိရိုက်ချက်တွေအားလုံး
အဆီအငေါ်မတည့်မှုတွေအားလုံး နဲ့
(အဲဒီ)ဘာမဆိုတူးလို့ရတဲ့ပေါက်တူးဟာ
အလင်းနံရံထဲကြေပျက်နစ်ဝင်ပျောက်ကွယ်သွားကြတယ်။           ။

                              အောင်ကောက်

ဘာမဆိုတူးလို့ရတဲ့ပေါက်တူးတစ်လက်ရှိတယ်။

စ တူးတော့ ---
အနာပရပွဘိနပ်စုတ်တစ်ရံဝတ် ငါ့အတ္တကိုတွေ့တယ် -
ဆက်တူးတယ် .....
သံမဏိကိုယ်ကြပ်ဝတ်အတ္တတွေတွေ့တယ်-
သက်တံ့တွေထိုးထိုးထောင်ထောင်နဲ့ဒြပ်မဲ့မြို့ပြတွေတွေ့တယ်-
ချည်တိုင်အမျိုးမျိုးမှာ ရာဘာဒဿနတွေတွေ့တယ်-
ရေခဲရိုက်ထားတဲ့ပုံပြင်တွေတွေ့တယ်-
တစ်ခြမ်းပုပ်နေတဲ့စကားလုံးတွေတွေ့တယ်-
မီးခိုးငွေ့အဆာသွတ်ဆပ်ပြာပူပေါင်းကတိတွေတွေ့တယ်-
ဇာတ်တူသားစားရင်းကိုယ်ချင်းစာတရားအကြောင်းပို့ချသူတွေတွေ့တယ်-
ကျက်တဲ့အပိုင်းကမြိန်ရေရှက်ရေဖဲ့စားကြသူတွေတွေ့တယ်-
သပျစ်သီးချဉ်တယ်လို့ပြောတဲ့မြေခွေးတွေတွေ့တယ်-ံ
ဥပုသ်စောင့်နေတဲ့ကျားတွေတွေ့တယ်-
အမှိုက်နဲ့လုပ်ထားတဲ့စိန်တွေတွေ့တယ်-
ရွှေနဲ့လုပ်ထားတဲ့ကစားစရာတွေတွေ့တယ်-
အဆိပ်နဲ့လုပ်ထားတဲ့ပျားရည်တွေတွေ့တယ်-
ပုံတူပွားထားတဲ့အခွံတွေတွေ့တယ်-
တည်းဖြတ်ခံနှစ်ပရိစ္ဆေဒတွေတွေ့တယ်-
လိုလိုလားလားအနင်းခံတံတားတွေတွေ့တယ်-
သိက္ခာကိုရိက္ခာနဲ့လဲသူတွေတွေ့တယ်-
လူဟစ်နေတဲ့သူခိုးကြီးတွေတွေ့တယ်-
ဘာရယ်လို့အမည်တပ်မရတဲ့မသိမှုတွေတွေ့တယ်-
..................တွေ့တယ်-
.........................တွေ့တယ်-
.......     ..............    ..........။

နောက်ဆုံးမှာတော့....
ကြည်အေးနုညံ့တဲ့အလင်းနံရံကြီးကိုတွေ့တယ်-

ထိုးခုတ်ထိရိုက်ချက်တွေအားလုံး
အဆီအငေါ်မတည့်မှုတွေအားလုံး နဲ့
(အဲဒီ)ဘာမဆိုတူးလို့ရတဲ့ပေါက်တူးဟာ
အလင်းနံရံထဲကြေပျက်နစ်ဝင်ပျောက်ကွယ်သွားကြတယ်။           ။

                              အောင်ကောက်
>>>ဆက်ဖတ်ရန်>>> >>

သံဝေဂ


လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌ မျိုးစုံကကြ ၊
 မာန်မာနနှင့် ငါကရာဇာ ၊ ငါဟာသူဌေး ၊
ငါပဂေးဟု ငါသွေးတက်ကြွ ၊ လူ့ဗာလတို့ များလှဖြာဖြာ ၊
အဝိဇ္ဇာနှင့် တဏှာဘီလူး ၊ အမှောင့်ပူး၍ ကျူးကျူးကျော်ကျော် ၊
ဂုဏ်ကိုဖေါ်လျက် မော်မော် မောက်မောက် ၊
 ငါတစ်ယောက်သာ မိုးအောက်တလွှား ၊
ရွှေကိုယ်လားဟု ထင်မှားမလွဲ ၊
သို့စဉ်စွဲလည်း ဇာတ်ပွဲပြီးက ၊
 ပြည်ဖုံးချသော် သုဘရာဇာ ၊
 မြေအောက်မှာပင် ဘာသာလူမျိုး ၊
ချိန်မထိုးပဲ ပုတ်သိုးခန္ဓာ ၊
 မြုပ်ရရှာသည် ဘယ်မှာ ငါဟု ရှိအံ့နည်း။

                                                         (လယ်တီဆရာတော်ကြီး)

လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌ မျိုးစုံကကြ ၊
 မာန်မာနနှင့် ငါကရာဇာ ၊ ငါဟာသူဌေး ၊
ငါပဂေးဟု ငါသွေးတက်ကြွ ၊ လူ့ဗာလတို့ များလှဖြာဖြာ ၊
အဝိဇ္ဇာနှင့် တဏှာဘီလူး ၊ အမှောင့်ပူး၍ ကျူးကျူးကျော်ကျော် ၊
ဂုဏ်ကိုဖေါ်လျက် မော်မော် မောက်မောက် ၊
 ငါတစ်ယောက်သာ မိုးအောက်တလွှား ၊
ရွှေကိုယ်လားဟု ထင်မှားမလွဲ ၊
သို့စဉ်စွဲလည်း ဇာတ်ပွဲပြီးက ၊
 ပြည်ဖုံးချသော် သုဘရာဇာ ၊
 မြေအောက်မှာပင် ဘာသာလူမျိုး ၊
ချိန်မထိုးပဲ ပုတ်သိုးခန္ဓာ ၊
 မြုပ်ရရှာသည် ဘယ်မှာ ငါဟု ရှိအံ့နည်း။

                                                         (လယ်တီဆရာတော်ကြီး)
>>>ဆက်ဖတ်ရန်>>> >>

Tuesday, July 10, 2012

ကျွန်တော့်ကိုယ်ပိုင်ကဗျာလေးပါ

>>>ဆက်ဖတ်ရန်>>> >>

သူ

pho
သံခွာတချက်ပေါက်ရင်
တပြည်လုံးမီးဟုန်းဟုန်း
တောက်စေရမယ်။
သူဟာ နူးညံ့ခြင်းလည်း ဖြစ်တယ်
စူးရှခြင်းလည်း ဖြစ်တယ်။
သူဟာ ကဗျာလည်းဖြစ်တယ်
နိုင်ငံရေးလည်း ဖြစ်တယ်။
သူဟာ လိပ်ပြာလည်းဖြစ်တယ်
လင်းယုန်လည်း ဖြစ်တယ်။
သူဟာ စိန်ပွင့်လည်းဖြစ်တယ်
မီးပွားလည်း ဖြစ်တယ်။
သူဟာ အလံလည်း ဖြစ်တယ်
လှံလည်း ဖြစ်တယ်။
သူဟာ လူတယောက်လည်းဖြစ်တယ်
သမိုင်းတခုလည်း ဖြစ်တယ်။
သူ
ဘယ်သူလဲ
အမြဲစိမ်း အမြဲဟိန်းတဲ့
“သခင်ဗဟိန်း”
“ကိုဗဟိန်း”
ငြိမ်းချမ်းသူ
ဒေါင်းအိုးဝေ – အတွဲ (၁)၊ အမှတ် (၈)၊ စက်တင်ဘာ၊ အောက်တိုဘာ၊ ၂၀၀၁။ (စာမျက်နှာ – ၄)
pho
သံခွာတချက်ပေါက်ရင်
တပြည်လုံးမီးဟုန်းဟုန်း
တောက်စေရမယ်။
သူဟာ နူးညံ့ခြင်းလည်း ဖြစ်တယ်
စူးရှခြင်းလည်း ဖြစ်တယ်။
သူဟာ ကဗျာလည်းဖြစ်တယ်
နိုင်ငံရေးလည်း ဖြစ်တယ်။
သူဟာ လိပ်ပြာလည်းဖြစ်တယ်
လင်းယုန်လည်း ဖြစ်တယ်။
သူဟာ စိန်ပွင့်လည်းဖြစ်တယ်
မီးပွားလည်း ဖြစ်တယ်။
သူဟာ အလံလည်း ဖြစ်တယ်
လှံလည်း ဖြစ်တယ်။
သူဟာ လူတယောက်လည်းဖြစ်တယ်
သမိုင်းတခုလည်း ဖြစ်တယ်။
သူ
ဘယ်သူလဲ
အမြဲစိမ်း အမြဲဟိန်းတဲ့
“သခင်ဗဟိန်း”
“ကိုဗဟိန်း”
ငြိမ်းချမ်းသူ
ဒေါင်းအိုးဝေ – အတွဲ (၁)၊ အမှတ် (၈)၊ စက်တင်ဘာ၊ အောက်တိုဘာ၊ ၂၀၀၁။ (စာမျက်နှာ – ၄)
>>>ဆက်ဖတ်ရန်>>> >>