Thursday, October 11, 2012

ဆိတ်ငြိမ်


လရောင်နုနုပေါ်
ရီဝေဝေအတွေးတွေအပြည့်တင်
ဟို.....ဝေး  ဝေး ..
ခွေးအူသံသဲ့သဲ့ဆီခရီးနှင်
စိတ်ကူးတွေကလည်း
ဆိုညီးလက် စ စည်းချက်လေးပေါ်က
အခါခါခုန်ချ
သိစိတ်ကိုပြန်ပြန်ပြီးလမ်းမေးနေခဲ့ရ ...။

တခါတလေ ---
လေပြေထဲကရနံ့
မျက်ကန်းတစ်ယောက်လိုလိုက်စမ်းနေမိ
သူသိပါ့မလား
ကောင်းကင်မှာစပါယ်တွေအပြည့်
အလှတရားကိုမျှချင်လို့
လက်တကမ်းကမြေကိုလှုပ်နှိုးတော့
အုတ်တိုင်တွေရပ်ကြည့်နေကြ
တိုး တိုး ဖော်လေးမှမရှိ .....။

ခပ်လှမ်းလှမ်းနေရာအစုံလှုပ်လှုပ်ရွရွ
လေတိုးသံ လိုလို
သစ်ရွက်ခတ်သံ လိုလို
ငိုသံတွေ လိုလို
ကဲ ..........
သူတို့စည်းချက်အတိုင်း က ကြပါစေ
ငါ့အတွက်တော့
တယောတစ်လက်ဆို လုံလောက်ပါပြီ.......။        ။

                            အောင်ကောက်

လရောင်နုနုပေါ်
ရီဝေဝေအတွေးတွေအပြည့်တင်
ဟို.....ဝေး  ဝေး ..
ခွေးအူသံသဲ့သဲ့ဆီခရီးနှင်
စိတ်ကူးတွေကလည်း
ဆိုညီးလက် စ စည်းချက်လေးပေါ်က
အခါခါခုန်ချ
သိစိတ်ကိုပြန်ပြန်ပြီးလမ်းမေးနေခဲ့ရ ...။

တခါတလေ ---
လေပြေထဲကရနံ့
မျက်ကန်းတစ်ယောက်လိုလိုက်စမ်းနေမိ
သူသိပါ့မလား
ကောင်းကင်မှာစပါယ်တွေအပြည့်
အလှတရားကိုမျှချင်လို့
လက်တကမ်းကမြေကိုလှုပ်နှိုးတော့
အုတ်တိုင်တွေရပ်ကြည့်နေကြ
တိုး တိုး ဖော်လေးမှမရှိ .....။

ခပ်လှမ်းလှမ်းနေရာအစုံလှုပ်လှုပ်ရွရွ
လေတိုးသံ လိုလို
သစ်ရွက်ခတ်သံ လိုလို
ငိုသံတွေ လိုလို
ကဲ ..........
သူတို့စည်းချက်အတိုင်း က ကြပါစေ
ငါ့အတွက်တော့
တယောတစ်လက်ဆို လုံလောက်ပါပြီ.......။        ။

                            အောင်ကောက်

No comments:

Post a Comment