Thursday, October 11, 2012
ရှင်ကွဲ
ငှက်ကလေးအဖော်တွေ့လို့
ကိုယ်ပိုင်လွတ်လပ်ခွင့်မှာ
ပျားရည်ဆမ်းနေပေါ့...
မသိချင်လည်းသိနေရ
မကြားချင်လည်းကြားနေရ
ငှက်ကလေးအတောင်စုံပြီ.......။
ဒါပါပဲ
ဒီလောက်ပါပဲ ...
ရှင်ကွဲခွဲကြရုံပေါ့
ဒီတစ်ဘဝစာအတွက်
မျက်ရည်ခံထိုးခွင့်မရှိဘဲကွဲရှနေရ
နုံချာလိုက်ပုံများ
လေပြေတွေးမွှေးနေတာတောင်မှ
သိက္ခာတွေလုံလုံခြုံခြုံသိမ်းထုပ်လို့
နားဖူးတဲ့ကိုင်းအိုမလုပ်ခဲ့......။
ဆံနွယ် စ လေးကိုသပ်တင်ပေးလိုက်တယ်
လက်ကလေးကိုဖွဖွဆုတ်လို့
မျက်လုံးဝိုင်းလေးကိုတွေတွေလေးစိုက်ကြည့်
ဖြောင့်တန်းပါစေ ---
သာယာပါစေ ----
ပန်းအိပ်မက်ဖြစ်ပါစေ ----
တို့ တစ်ဘဝစာခွဲကြဦးစို့ရဲ့ .......။ ။
အောင်ကောက်
ငှက်ကလေးအဖော်တွေ့လို့
ကိုယ်ပိုင်လွတ်လပ်ခွင့်မှာ
ပျားရည်ဆမ်းနေပေါ့...
မသိချင်လည်းသိနေရ
မကြားချင်လည်းကြားနေရ
ငှက်ကလေးအတောင်စုံပြီ.......။
ဒါပါပဲ
ဒီလောက်ပါပဲ ...
ရှင်ကွဲခွဲကြရုံပေါ့
ဒီတစ်ဘဝစာအတွက်
မျက်ရည်ခံထိုးခွင့်မရှိဘဲကွဲရှနေရ
နုံချာလိုက်ပုံများ
လေပြေတွေးမွှေးနေတာတောင်မှ
သိက္ခာတွေလုံလုံခြုံခြုံသိမ်းထုပ်လို့
နားဖူးတဲ့ကိုင်းအိုမလုပ်ခဲ့......။
ဆံနွယ် စ လေးကိုသပ်တင်ပေးလိုက်တယ်
လက်ကလေးကိုဖွဖွဆုတ်လို့
မျက်လုံးဝိုင်းလေးကိုတွေတွေလေးစိုက်ကြည့်
ဖြောင့်တန်းပါစေ ---
သာယာပါစေ ----
ပန်းအိပ်မက်ဖြစ်ပါစေ ----
တို့ တစ်ဘဝစာခွဲကြဦးစို့ရဲ့ .......။ ။
အောင်ကောက်
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment